- ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတော့မယ် ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်းက ပြောတာတွေကို အာဆီယံအဖွဲ့ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးရဲ့ ညစာစားပွဲမှာ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော် ပြောဆိုပါတယ်။
- မြန်မာဥပဒေမှာ ဒေါ်အောင်ဆန်းစုကြည်ကို အများဆုံး ထိန်းသိမ်းထားဖို့အတွက် ပြည်ထဲရေး ဝန်ကြီးရဲ့ အတည်ပြုချက်က တနှစ်ဖြစ်ပြီး၊ ဝန်ကြီးချုပ်ရဲ့အတည်ပြုချက်က (၅)နှစ် ဖြစ်ကြောင်း၊ (၆)နှစ်သက်တမ်းဟာ လာမယ့် (၆)လခန့်လောက်မှာ အဆုံးသတ်မှာ ဖြစ်ကြောင်း ဦးဥာဏ်ဝင်း ပြောပြတာကို စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး Yeo က ကိုးကား ပြောဆိုသွားပါတယ်။
- ဒီအဓိပ္ပာယ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို (၆)လအကြာမှာ ပြန်လွှတ်ပေးမယ်လို့ ဆိုလိုသလားလို့ မေးတဲ့အခါမှာ Yeo က ဦးဥာဏ်ဝင်း ပြောတဲ့အတိုင်း ပြန်ပြောပြတာ ဖြစ်ပြီး မတိကျ မရေရာတဲ့ ထင်မြင်သုံးသပ်ချက်လို့ သူထင်ကြောင်း ပြန်ဖြေသွားပါတယ်။
- သိပ်မဝေးတဲ့ အနာဂတ်မှာ ငြိမ်းချမ်းစွာနဲ့ ဒီမိုကရေစီ အသွင်ပြောင်းရေးနဲ့ ၂ဝ၁ဝ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို လွတ်လွတ်လပ်လပ် သမာသမတ်ရှိစေရေးအတွက် မြန်မာအစိုးရက ရဲရဲဝံ့ဝံ့ လုပ်ဆောင်ဖို့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေက လူသိရှင်ကြား တရားဝင်ထုတ်ပြန်မယ့် ကြေညာချက် အကြမ်းမှာ တိုက်တွန်းထားပါတယ်။ မနက်ဖြန် (၂၂-၇-၂ဝဝဂ)မှာ အဲဒီကြေညာချက်အကြမ်းကို အချောသတ်ပြီး ထုတ်ပြန်မှာ ဖြစ်ပါတယ်။
၂ဝဝ၈ ခုနှစ်အတွင်း ရေးပြီးခဲ့သမျှ ဆောင်းပါးတွေ ဖြစ်ပါတယ်။
Tuesday, August 12, 2008
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတော့မယ် ဆိုတဲ့ကိစ္စ
Subscribe to:
Post Comments (Atom)
Blog Archive
-
▼
2008
(36)
-
▼
August
(20)
- နာဂစ် (၃)လပြည့်နေ့မှာ ကိုဇာဂနာ၊ ကိုဇော်သက်ထွေးတို့...
- ဘော်လုံးပွဲ
- ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတော့မယ် ဆိုတဲ့ကိစ္စ
- ရုရှားက အကူအညီပေးနေတဲ့ မြန်မာအနုမြူစီမံကိန်း - ထော...
- နအဖအနေဖြင့် ပြည်သူနဲ့ နိုင်ငံရဲ့ ကျေးဇူးသစ္စာကို စေ...
- ကြိုး ကြောက်တဲ့ နအဖ
- ဖုံးပြီးတော့ လိမ်၊ လိမ်ပြီးတော့ တောင်း၊ တောင်းပြီး...
- နာဂစ်စ် ဆိုင်ကလုန်းမှ ကြေကွဲဖွယ် ဇာတ်လမ်းများ
- နာဂစ်စ် မုန်တိုင်းဒဏ် ခံရပြီးသည့်တိုင်
- မြန်မာစစ်အစိုးရနဲ့ အမေရိကန် သမတ ဘွတ်ရှ် အစိုးရ
- ဆုနမိထက် နာဂစ်က အဖျက်ကြမ်း
- ဆိုင်ကလုန်းမုန်တိုင်းဒဏ် ပြန်လည်ထူထောင်ရေးမှာ စစ်...
- နာဂစ်စ် ဆိုင်ကလုန်းမှ ကြေကွဲဖွယ် ဇာတ်လမ်းများ
- ကပ်ဆိုးကြီး ခံရပုံချင်းတူပေမယ့် ကယ်တင်စောင့်ရှောက်...
- တညီတညာတည်း ကန့်ကွက်ရမည့် ပြည်သူ့ဆန္ဒ ခံယူပွဲ
- နအဖ၏ လူထုဆန္ဒ ခံယူပွဲတွင် ကန့်ကွက်မဲ ပေးရန် လိုသည်
- လမ်းဆုံလမ်းခွရောက်လျှင် ဆုံးဖြတ်ရတော့မည်
- မြန်မာ့အရေးကို အောင်မြင်စွာ ဖြေရှင်းနိုင်မည့် မဟာဗ...
- ပြုပြင်ပြောင်းလဲရေးများ လိုအပ်နေသည်
- ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ အစည်းအဝေး အမြန...
-
▼
August
(20)
About Me
- လွင်အောင်စိုး
- အာဏာရှင်စနစ်ကို တော်လှန်တဲ့ နိုင်ငံရေးစာတွေ ရေးပါတယ်။ အာဏာရှင်စနစ်ကို ချုပ်ငြိမ်းအောင် လုပ်နိုင်မှ ဒီမိုကရေစီ အစစ်အမှန် ပေါ်ထွန်းလာမှာ ဖြစ်တယ်လို့ ယုံကြည်ထားသူပါ။ အာဏာရှင် စနစ်အောက်မှာ လူဖြစ်ရှုံးနေရတဲ့ မြန်မာပြည်သူ လူထုတရပ်လုံး နိုင်ငံရေး အသိတရားတွေ တိုးပွားလာအောင်၊ နိုင်ငံရေး စိတ်ဓါတ်တွေ နိုးကြားလာအောင် ပါဝင် ကူညီပေးပါတယ်။ ဒီဆောင်းပါးတွေကို “Save Burma” နဲ့ “Burma Digest” ဘလော့ဂ်တွေမှာလည်း ဖော်ပြထားပြီး ဖြစ်ပါတယ်။
0 comments:
Post a Comment