၂ဝဝ၈ ခုနှစ်အတွင်း ရေးပြီးခဲ့သမျှ ဆောင်းပါးတွေ ဖြစ်ပါတယ်။

Tuesday, August 12, 2008

ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ အစည်းအဝေး အမြန်ဆုံး ကျင်းပရန် လိုနေပြီ


မြန်မာပြည်သူလူထု ၈၂ %ကျော်ကလည်း ၁၉၉ဝ ခုနှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအား လွတ်လွတ်လပ်လပ် သမာသမတ်ရှိစွာ ရွေးချယ်တင်မြှောက်၍ လုပ်ပိုင်ခွင့်အာဏာ (mandate)ကို ယုံကြည်စွာ အပ်နှင်းထားခဲ့ပြီး ဖြစ်သည်။

အာဏာရှင်စနစ်ဆိုးကြီးအောက်မှ လွတ်မြောက်၍ လူ့အခွင့်အရေးများ အပြည့်အဝ ရရှိနိုင်ရန်နှင့် တရားဥပဒေ အမှန်တကယ် စိုးမိုးနိုင်ရန်အတွက် တာဝန်ရှိသူတို့မှ ရဲဝန့်ပြတ်သားစွာ၊ လိမ္မာပါးနပ်စွာ၊ အရည်အချင်း ပြည့်ဝစွာ ဦးဆောင်ပါမှ အကြီးအကျယ် နစ်နာဆုံးရှုံးနေရသော မြန်မာပြည်သူလူထုကြီးကလည်း ထပ်ချပ်မကွာ လိုက်လံအားပေး ထောက်ခံကြမည် ဖြစ်သည်။

မြန်မာပြည်သူတို့အနေဖြင့် ဤသို့လုပ်ဆောင်နိုင်ရေးကို နှစ်ပေါင်းများစွာ မျှော်လင့် စောင့်စားနေခဲ့ရသည်။ ယခုလည်း အဆင်သင့် ရှိနေသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီအနေဖြင့် လူထုက အပ်နှင်းထားသော လုပ်ပိုင်ခွင့်အာဏာကို အပြည့်အဝ အသုံးချလျက် အာဏာရှင်တို့အား လည်စင်းပေးနေရသော လူထုဘက်မှ ရဲရဲဝန့်ဝန့် ရပ်တည်ပေးသင့်သည်။

လွင်အောင်စိုး

၁-၆-၂ဝဝ၈

0 comments:

Blog Archive

About Me

အာဏာရှင်စနစ်ကို တော်လှန်တဲ့ နိုင်ငံရေးစာတွေ ရေးပါတယ်။ အာဏာရှင်စနစ်ကို ချုပ်ငြိမ်းအောင် လုပ်နိုင်မှ ဒီမိုကရေစီ အစစ်အမှန် ပေါ်ထွန်းလာမှာ ဖြစ်တယ်လို့ ယုံကြည်ထားသူပါ။ အာဏာရှင် စနစ်အောက်မှာ လူဖြစ်ရှုံးနေရတဲ့ မြန်မာပြည်သူ လူထုတရပ်လုံး နိုင်ငံရေး အသိတရားတွေ တိုးပွားလာအောင်၊ နိုင်ငံရေး စိတ်ဓါတ်တွေ နိုးကြားလာအောင် ပါဝင် ကူညီပေးပါတယ်။ ဒီဆောင်းပါးတွေကို “Save Burma” နဲ့ “Burma Digest” ဘလော့ဂ်တွေမှာလည်း ဖော်ပြထားပြီး ဖြစ်ပါတယ်။